ရှေ့နေဦးကိုနီအား လုပ်ကြံခဲ့သည့် ကြည်လင်းကို ရုံးထုတ်စစ်ဆေး (ဓာတ်ပုံ)
အောင်သူ
·
May 26, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း အပါအဝင် ဒီအမှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆရသူတွေကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့မနက် ရုံးထုတ်စစ်ဆေးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကိုနီကို ကြည်လင်းက သေနတ်နဲ့ ပစ်သတ်ခဲ့မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီလုပ်ကြံမှုမှာ အဓိက ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ ရဲတပ်ဖွဲ့က ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။