ဥရောပဖလားနှစ်လုံး နှစ်ကြိမ်ရယူနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မော်ရင်ဟို မှတ်တမ်းဝင်

626
မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုဟာ မတူညီတဲ့ ကလပ်အသင်းတွေနဲ့အတူ ဥရောပဖလားနှစ်လုံးကို နှစ်ကြိမ်ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ ဒီနှစ်ရာသီမှာ မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့သလို ၂၀၀၃ ခုနှစ်တုန်းကလည်း ပေါ်တိုအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ရယူခဲ့ဖူးတာပါ။
ဒါ့အပြင် ဥရောပချန်ပီယံလိဂ်ဖလားကိုလည်း ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းနဲ့တကြိမ်၊ ၂၀၁၀ ခုနှစ်က အင်တာမီလန်နဲ့တကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက မတူညီတဲ့ ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဖလားတွေကို ရယူနိုင်ခဲ့တဲ့ နည်းပြသုံးဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
မတူညီတဲ့ကလပ်တွေနဲ့ ဥရောပဖလားနှစ်လုံးရအောင် စွမ်းဆောင်ထားတဲ့ နောက်ထပ်နည်းပြနှစ်ဦးက လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြ ကားလို့စ်အန်စလော့တီနဲ့ ဂျက်ဟေးနက်စ်တို့ဖြစ်ပါတယ်။
မော်ရင်ဟိုအနေနဲ့ ယူရိုပါလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ဖလား တခုခုကို ၃ ကြိမ်ရယူထားတဲ့ နည်းပြနှစ်ဦးဖြစ်တဲ့ ကားလို့စ်အန်စလော့တီနဲ့ ဘော့ပီယာစလေတို့ကို မီဖို့တော့ နောက်ထပ် ဥရောပဖလားတလုံးရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။