A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအိုင်အိုခေါင်းဆောင် တွေ့ဆုံမည်

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အင်ဘန်လမိသားစုနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်မှာ နေ့လယ်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ကျန်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တဖွဲ့ချင်းစီ တွေ့ဆုံသွားဖို့ရှိတယ်လို့ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up