ဆယ်ကျော်သက်တဦးဟာ စင်ဒရဲလား အက်စကော့တ်ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ သူမရဲ့ အပျိုစင်ဘဝကို လေလံတင်ရောင်းချနေပြီး ဆရာဝန်တွေက သူမ လိင်ဆက်ဆံဖူးခြင်း မရှိကြောင်းကို အပျိုစင်ဘဝ ဝယ်ယူမယ့်သူအတွက် စစ်ဆေးအတည်ပြုပေးမယ်လို့ သိရပါတယ်။
သြစတြီးယား-ဂျာမန် တဝက်စီသွေးနှောတဲ့ အသက် ၁၈ နှစ်အရွယ် ကင်မ်ဆိုသူ ဆယ်ကျော်သက်မိန်းကလေးက သူမရဲ့ တက္ကသိုလ်ကျောင်းစရိတ်ပေးဖို့၊ တိုက်ခန်းနဲ့ကား ဝယ်ယူဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို လေလံတင်ရောင်းချဖို့ စီစဉ်နေတာလို့ မေရာသတင်းရဲ့ မေလ ၂၄ ရက်နေ့မှာ ရေးထားပါတယ်။
“ဟယ်လို၊ ကျမနာမည် ကင်မ်ပါ။ ကျမရဲ့ အပျိုစင်ဘဝကို ရောင်းချချင်ပါတယ်လို့ ရေးသားပြီး” သူမရဲ့အပျိုစင်ဘဝကို သန်းနဲ့ချီပြီး ရောင်းချဖို့အတွက် အထူးအေဂျင်စီကို ဆက်သွယ်ခဲ့တာလို့ ဂျာမန်ဒေသခံ သတင်းဌာနတခုအရ သိရပါတယ်။
သူမက ဂျာမနီ ဒါမှမဟုတ် ဗီယင်နာမြို့တော်ရဲ့ တနေရာရာမှာ ပညာသင်ကြားချင်တာလို့ သိရပါတယ်။
သူမရဲ့ အပျိုစင်ဖြစ်မှုကို ဆရာဝန်တွေက စစ်ဆေးပြီး ဆရာဝန်တွေရဲ့ ထောက်ခံချက် လက်မှတ်နဲ့အတူ အပျိုစင်ဘဝ ဝယ်ယူမယ့်သူကလည်း သူ့နည်းသူ့ဟန်နဲ့ စစ်ဆေးလို့ရတယ်လို့ စင်ဒရဲလားအက်စကော့တ် ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဝက်ဘ်ဆိုက်ပေါ်မှာ ကင်မ်က “လိမ္မော်ရည်၊ ဂရိအစားအသောက်နဲ့ နှင်းဆီပန်းတွေကို ကြိုက်နှစ်သက်ကြောင်း” ရေးထားပြီး “ဂျာမနီ ဒါမှမဟုတ် ဗီယင်နာမြို့မှာ စာသင်ချင်တယ်။ ရမယ့်ငွေနဲ့ တိုက်ခန်းတခန်း ဝယ်မယ်။ ကျူရှင်ကြေးနဲ့ ကားတစီးဝယ်မယ်” လို့ ပြောထားပါတယ်။
အသက် ၁၈ နှစ်အရွယ် ရိုမးနီးယားမော်ဒယ်လ် အလက်ဇန်ဒရာက သူမရဲ့ အပျိုစင်ဘဝကို ပေါင် ၂ သန်းနဲ့ အမည်မဖော်ပြတဲ့ ဟောင်ကောင်စီးပွားရေးသမားတဦးကို ရောင်းချခဲ့တာက ကျောင်းသူကင်မ်ကို ဒီလိုလုပ်စေခဲ့တာလို့ သိရပါတယ်။
သူမရဲ့ အပျိုစင်ဘဝကို ရောင်းချဖို့ ယူရို ၁ သိန်း (ပေါင် ၈၆,၆၄၀) နဲ့ စတင်ထားပြီး ရငွေရဲ့ ၂၀ ရာခိုင်နှုန်းက စင်ဒရဲလား အက်စကော့တ် ဝက်ဘ်ဆိုက်ကို ပေးရမှာလို့ ဒေသခံသတင်းဌာနအရ သိရပါတယ်။
ကင်မ်ကတော့ “ဘာပဲဖြစ်ဖြစ် ကျမကို နောက်ဆုံးမှာ ထားခဲ့ပြီး ကျမရဲ့ အပျိုစင်ဘဝကို ပေးရမယ့် အမျိုးသားအတွက် ဒါက ၂ ဒသမ ၃ သန်း ယူရို (ပေါင် ၂ သန်း) ထက် ပိုထိုက်တန်ပါတယ်။”
သူမက ခရီးသွားစရိတ်အားလုံးကို ကျခံမယ့် ဈေးအများဆုံး ပေးနိုင်မယ့်သူ တွေ့ချင်တယ်လို့လည်း ပြောပါတယ်။
ဓာတ်ပုံ – CEN/Cinderella Escorts