ဥရောပကလပ်အသင်းတသင်းကို ကိုင်တွယ်ရန် ရာနီရေးရီ စိတ်အားထက်သန်နေ

လက်စတာနည်းပြဟောင်း ရာနီရေးရီဟာ ဥရောပကလပ်အသင်းတသင်းကို ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အီတလီနည်းပြ ရာနီရေးရီဟာ လက်စတာအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ အင်္ဂလန် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကလပ်အသင်းတသင်းကို ကိုင်တွယ်လိုပြီး နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရယူဖို့ စိတ်အားထက်သန်နေတယ်လို့ ရာနီရေးရီက ဆိုပါတယ်။ နည်းပြရာထူး လစ်လပ်နေတဲ့ ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းနဲ့လည်း သတင်းထွက်နေပေမယ့် ကောလာဟလသာဖြစ်တယ်လို့ ရာနီရေးရီက ငြင်းဆိုခဲ့ပါတယ်။ နောက်ထပ် ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း နည်းပြ ဆမ်အလာဒိုက်စ်နဲ့ လမ်းခွဲလိုက်တာကြောင့်  နည်းပြရာထူးအတွက် ရာနီရေးရီကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၆၅ နှစ်ရှိ အီတလီနည်းပြ ရာနီရေးရီဟာ နာပိုလီ၊ ဗလင်စီယာ၊ အက်သလက်တီကို၊ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကိုအသင်းတွေ အပါအဝင် ကလပ်အသင်း စုစုပေါင်း ၁၅ သင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up