ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း ၇ ဖွဲ့ တံခါးပိတ်ဆွေးနွေး
ကျော်ဇေယျာဝင်း
·
May 25, 2017
၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ နေပြည်တော်မှာရှိတဲ့ Horizon Lakeview ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက တံခါးပိတ် ဆွေးနွေးနေကြပါတယ်။
ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်ကြည်တို့ ဦးဆောင်တက်ရောက်နေကြပြီး ဆွေးနွေးပွဲအကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကတော့ ၀လက်နက်ကိုင်တပ်ဖွဲ့ UWSA ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ တအာင်းပလောင်တပ်ဖွဲ့ (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ ဖြစ်ကြပါတယ်။