တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး ဒုတိယအကြိမ် စစ်ဆေးခံရန် တရားရုံးရောက်ရှိ

ဓာတ်ပုံ - ရိုက်တာ
751
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုခံယူဖို့ မေလ ၂၅ ရက်နေ့က ဆိုးလ်ဗဟိုခရိုင်တရားရုံးကို ရောက်ရှိလာပါတယ်။
ပတ်ဂွမ်ဟေးဟာ လာဘ်ပေးလ်ာယူမှုနဲ့ တရားရင်ဆိုင်ဖို့ ရောက်ရှိလာတာဖြစ်ပြီး အဲဒီအမှုကြောင့် သူဟာ သမ္မတရာထူးက ဖြုတ်ချခံရတာ ဖြစ်ပါတယ်။
သမ္မတဟောင်း ပတ်နဲ့ ဆမ်ဆောင်းအကြီးအကဲ ဂျေးဝိုင်လီတို့ဟာ အဲဒီအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး သီးခြားစီ တရားရင်ဆိုင်ခဲ့ပါတယ်။
ပထမအကြိမ် ရုံးတင်စစ်ဆေးချိန်မှာ အစိုးရရှေ့နေက ပတ်အနေနဲ့ သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆေးနဲ့ ပေါင်းပြီး ကုမ္ပဏီတွေကို ဒေါ်လာသန်းပေါင်းများစွာ ပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
ပတ်ဂွမ်ဟေးက သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ကြောင်းနဲ့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
ဂျေးဝိုင်လီကလည်း သူ့အနေနဲ့ ဆမ်ဆောင်းကော်ပိုရေးရှင်းကို မျက်နှာသာပေးဖို့ သမ္မတဟောင်းပတ်ကို လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
ပတ်ဂွမ်ဟေးထောက်ခံသူတွေကတော့ တရားရုံးအနီးမှာ စုဝေးပြီး သမ္မတဟောင်း ပတ်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။