A d v e r t i s e m e n t With Us

သေဆုံးသူမိခင်ကို လှုပ်နှိုးပြီး နို့စို့ခဲ့သည့် လသားကလေး၏ ကြေကွဲဖွယ်ဖြစ်ရပ် (ရုပ်သံ)

ရထားတိုက်ခံရပြီး သေဆုံးသွားတဲ့မိခင်ကို လှုပ်နှိုးပြီး နို့စို့ဖို့ကြိုးစားတဲ့ ကလေးငယ်လေးရဲ့ ကြေကွဲဖွယ် ရုပ်သံဗွီဒီယိုဖိုင်တခု ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒဲက်ရှ်ပြည်နယ်ထဲက ဒါမိုခရိုင်မှာ မေလ ၂၄ ရက်နေ့မနက်က ဖြစ်ခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ ကလေးကိုချီပြီး ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ပေမယ့် ကလေးငယ်ကတော့ ကံအားလျော်စွာ အသက်မသေဘဲ ရှင်ကျန်ခဲ့တာပါ။ ငိုယိုနေတဲ့ အသက် ၁၇ လသားအရွယ် ကလေးက မိခင်ကို လှုပ်နိုးခဲ့ပေမယ့် မိခင်ဆီက ဘာတုံ့ပြန်မှုမှ မရတဲ့အတွက် မိခင်ကိုယ်ပေါ်လှဲချလိုက်ကာ နို့စို့နေပါတော့တယ်။ ရဲတွေရောက်လာချိန်မှာ မျက်ရည်ဝဲနေကြတဲ့ လူအုပ်စုက သေဆုံးနေတဲ့မိခင်နဲ့ ကလေးရဲ့အဖြစ်ကို ဝိုင်းကြည့်နေကြတယ်လို့ ဆိုပါတယ်။ မျက်မြင်တဦးဖြစ်သူ မိုနူဘယ်မီကီက “မီးရထားလမ်းဘေးမှာ အမျိုးသမီးတယောက် လဲကျနေလို့ ရဲကို အကြောင်းကြားလိုက်တယ်။ ကျနော်တို့ အနီးကပ်သွားကြည့်တော့ အဲ့ဒီမိန်းမဘေးမှာ ကလေးတယောက် ငိုပြီး အမေနို့ဆို့နေတာ တွေ့ရတယ်” လို့ ဆိုပါတယ်။ “ဒီမြင်ကွင်းက ကျနော်တို့အားလုံးကို မျက်ရည်စို့ကုန်တယ်” လို့ မိုနူက ဆက်ပြောပါတယ်။ ရထားဘူတာရုံ အာဏာပိုင်တွေကလည်း “ဒါမျိုး တခါမှမမြင်ဘူးတော့ ကလေးအဖြစ်ကို ကြည့်ပြီး အားလုံး စိတ်ထိခိုက်ကုန်တယ်” လို့ ပြောပါတယ်။ နှာခေါင်းနဲ့ နားရွက်တွေက သွေးထွက်နေတဲ့ သေဆုံးသူ အမျိုးသမီးအလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံပို့ဆောင်ထားပြီး သူမရဲ့မိသားစုကိုတော့ စုံစမ်းနေတယ်လို့ ရထားအာဏာပိုင်တွေက ပြောပါတယ်။ ကလေးကိုလည်း အထွေထွေစစ်ဆေးဖို့ ခရိုင်ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။ ဆေးရုံမှ သူနာပြုတဦးက “ကလေးက ဒီမနက် ၁၀ နာရီမှာ ရောက်ပြီး စစ်ဆေးကြည့်တော့ အအေးမိနေလို့ ဆေးတိုက်ထားတယ်၊ တခြားကျန်တာတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up