A d v e r t i s e m e n t With Us

ငြိမ်းချမ်းရေး ဘောလုံးပြိုင်ပွဲ သမ္မတ အပါအဝင် နိုင်ငံ့အကြီးအကဲများ တက်ရောက်အားပေး

နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုထောက်ခံတဲ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ဘောလုံးပြိုင်ပွဲကို နိုင်တော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။ ဘောလုံးပြိုင်ပွဲကို နေပြည်တော်မှာရှိတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ မေလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပြီး ဒေသခံအများအပြား လာရောက် အားပေးကြတာကို တွေ့ရပါတယ်။ ဒီပွဲမှာ အနုပညာရှင်တွေနဲ့ တေးသံရှင်တွေက တေးသီချင်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ အောင်ကိုကိုလတ်

A d v e r t i s e m e n t With Us

More News
Up