A d v e r t i s e m e n t With Us

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းတွင် စစ်အင်အားတိုးမြှင့်ချထားမည်

ဓာတ်ပုံ - အေအက်ဖ်ပီ
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းမှာ စစ်အင်အားတွေ တိုးမြှင့်ချထားသွားမယ်လို့ စစ်တပ်ပြောခွင့်ရသူက ဒီကနေ့မှာ ပြောပါတယ်။ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ရဲ့ လျှို့ဝှက်စခန်းတခုကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်စီးတဲ့ စစ်ဆင်ရေးအတွင်း တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တဲ့အတွက် သမ္မတ ဒူတာတေးဟာ ရုရှားခရီးကနေ အမြန်ပြန်လာကာ နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုကျွန်းကို မေလ ၂၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရပါတယ်။ ဖိလစ်ပိုင်စစ်တပ်ရဲ့  ပြောခွင့်ရသူ အဒ်ဂတ် အာရီ ဗဲလိုက တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး မကြာခင်မှာ ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ မွတ်စလင်လူဦးရေ နှစ်သိန်းကျော်နေထိုင်တဲ့ မာရာဝီမြို့တိုက်ပွဲမှာ ဖိလစ်ပိုင်တပ်သား ၂ ဦး၊ ရဲ ၁ ဦး ကျဆုံးပြီး ၁၂ ဦးလောက် ဒဏ်ရာရခဲ့တာပါ။ မြို့ထဲက အဆောက်အအုံတွေကို စစ်သွေးကြွအဖွဲ့က သိမ်းထားပြီး ကျောင်းတကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတကျောင်းနဲ့ အချုပ်စခန်းတခုတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up