ရခိုင်ပြည်နယ် အကျဉ်းထောင်များမှ လွတ်ငြိမ်းချမ်းသာဖြင့် ၉၄ ဦး ပြန်လွှတ်ပေး



610
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရခိုင်ပြည်နယ် အကျဉ်းထောင်တွေကနေ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး စုစုပေါင်း ၉၄ ဦး ဒီကနေ့မနက် လွတ်မြောက်လာပါတယ်။
စစ်တွေထောင်က နိုင်ငံသား ၂၁ ဦးနဲ့ နိုင်ငံခြားသား ၁၉ ဦး၊ သံတွဲထောင်က နိုင်ငံသား ၁၆ ဦးနဲ့ နိုင်ငံခြားသား ၉ ဦး၊ ကျောက်ဖြူထောင်က နိုင်ငံသား ၂၄ ဦး၊ ဘူးသီးတောင်ထောင်က နိုင်ငံသား ၁ ဦးနဲ့ နိုင်ငံခြားသား ၄ ဦး ရှိပြီး စုစုပေါင်း ၉၄ ဦးရှိတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းဦးစီးဌာနက တနိုင်ငံလုံးရှိတဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၂၅၉ ဦးကို ဒီကနေ့ မေလ ၂၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာပါ။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - သန်းအောင်၊ မွှေးချေ