Home
မြန်မာသတင်း
ရပ်ထားသည့်ကားအား ၀င်တိုက်သည့် ဆိုင်ကယ်မောင်းသူသေဆုံး
DVB
·
May 24, 2017
ရေး-အစင် ကားလမ်းပေါ်မှာ လမ်းဘေးမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်တစီး ၀င်တိုက်ပြီး ဆိုင်ကယ်မောင်းသူသေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့နယ် အဘော်ကျေးရွာရှိ ရေး-အစင် ကားလမ်းမပေါ်မှာ မေလ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်က နေလင်းဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့တာပါ။ ရေးမြို့မရဲစခန်းက ရဲအရာရှိ ဒုရဲအုပ်ထိုက်ကျော်အောင် က “မျိုးဇော်နိုင် မောင်းနှင်တဲ့ ၆ ဘီးယာဉ်ကို လမ်းဘေးမှာရပ်ထားချိန် နေလင်းဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်”လို့ ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ရေးမြို့မရဲစခန်းက ယာဉ် (ပ)၁၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024