ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရမှု အာဆင်နယ်နည်းပြအတွက် စိတ်ပျက်စရာဖြစ်

ဓာတ်ပုံ - ရိုက်တာ
585
ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မရတာဟာ နည်းပြ အာစင်ဝင်းဂါးအတွက် စိတ်ပျက်စရာဖြစ်တယ်လို့ အာဆင်နယ် ဂန္ထဝင်ကစားသမားဟောင်း အွန်နရီက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီယားလိဂ်ပြိုင်ပွဲအပြီးမှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင်ခဲ့လို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ဟာ အာဆင်နယ်လိုအသင်းအတွက် အရေးကြီးပြီး ပရိသတ်တွေအတွက်လည်း အရေးကြီးတယ်လို့ အွန်နရီက ဆိုပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကစားဖို့ ကျန်ရှိနေပြီး အက်ဖ်အေဖလား ရခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ ဘောလုံးရာသီ ဖြစ်နိုင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရတာက ကြီးမားတဲ့ စိတ်ပျက်စရာဖြစ်တယ်လို့ အွန်နရီက ဆက်ပြောပါတယ်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေနဲ့ သူ့ရဲ့အနာဂတ်ကိုလည်း အက်ဖ်အေဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။