Wednesday, June 7, 2023
HomeLead Storyလေ့ကျင့်ရေးဆောင်ရွက်နေသည့် တိုက်ခိုက်ရေးလေယာဉ်ပေါ်မှ ဗုံး မတော်တဆပြုတ်ကျ

လေ့ကျင့်ရေးဆောင်ရွက်နေသည့် တိုက်ခိုက်ရေးလေယာဉ်ပေါ်မှ ဗုံး မတော်တဆပြုတ်ကျ

အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ဝေဟင်-မြေပြင်လေ့ကျင့် ပစ်ခတ် ဆောင်ရွက်စဉ် လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင် အမှတ် ၂၂/၄ နေရာအနီး ဇရပ်ကုန်းစက်ပစ်ကွင်းမှာ တပ်မတော်(လေ)မှ အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်သည် ဝေဟင်-မြေပြင်လေ့ကျင့်ပစ်ခတ်စဉ် မေ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ လေယာဉ်ရဲ့ လက်နက်ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချို့ယွင်းမှုတဲ့အတွက် လေ့ကျင့်ရေး ဗုံး ၂ လုံး ပစ်မှတ်နေရာတစ်ဝိုက် အချိန်မတိုင်မီ မတော်တဆ ပြုတ်ကျမှုဖြစ်ပွားခဲ့တာပါ။

မတော်တဆပြုတ်ကျခဲ့တဲ့ လေ့ကျင့်ရေးဗုံးတွေဟာ ဇရပ်ကုန်း စက်ပစ်ကွင်းအနီးရှိ နှမ်းခင်း အတွင်းသို့ ကျရောက်ခဲ့ပြီး ဖြစ်စဉ်မှာ လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ထိုနေရာ တ၀ိုက်ကို တပ်မတော်(လေ)မှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ယနေ့မွန်းလွဲ ၂ နာရီလောက်မှာ ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျဆောင်ရွက်ခဲ့ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular