ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 23, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၁သောင်း ၁ထောင်ကျပ် ဈေးကျသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၉သိန်း ၂သောင်း ၇ထောင် ပေါက်ဈေး ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ၅ထောင့် ၅ရာကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆သိန်း ၄သောင်း ၅ထောင် ပေါက်ဈေး ရှိပါတယ်။
ပဲထောပတ်
ပဲထောပတ်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၆၅၀ ပေါက်ဈေးရှိပြီးတော့ ၁ ပိဿာကို ၈၅ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂၀၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၃၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁သိန်း ၂သောင်း ၅ထောင် ပေါက်ဈေး ရှိနေပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁၉၂၀ ကျပ် ရှိပါတယ်။
ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲv2 က ၁ တင်းကို ၄သောင်း ၅ရာကျပ် ပေါက်ဈေးရှိပြီး ၁ တင်းကို ငွေကျပ် ၅၀၀ ဈေးကျဆင်းသွားပါတယ်။
မန်ကျည်းတောင့်
မန်ကျည်းတောင့်က ၁ ပိဿာကို ၁၈၅၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA