အိုင်အက်စ်ထိန်းချုပ်နယ်မြေကို ကောင်းကင်မှ မြင်ကွင်းကျယ် မြင်ခွင့်ရမည့်ရုပ်သံ ထုတ်လွှင့်
Published By
DVB | 23 May, 2017
601
0
Share
0
Comment
0
Likes
အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ထိန်းချုပ်နယ်မြေတခုလို့ ဆိုရမယ့် မိုဆူးလ်မြို့ကို ကောင်းကင်ကနေ ၃၆၀ မြင်ကွင်းကျယ် မြင်ခွင့်ရမယ့် ရုပ်သံဗွီဒီယိုဖိုင်ကို ဘီဘီစီသတင်းဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။
အီရတ်စစ်တပ်မှ လေယာဉ်ပိုင်းလော့တ်တွေနဲ့အတူ မိုဆူးလ်မြို့ပေါ်ကနေ ပျံသန်းကြည့်ရှုရသလို ခံစားရစေမှာ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘီဘီစီ ပါရှန်းသတင်းဌာနမှ သတင်းထောက်တွေဖြစ်ကြတဲ့ ဂျိုးအင်ဝုဒ်နဲ့ နာဖီဆက် ခိုနာဗာ့ဒ်တို့က ရိုက်ကူးခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရိုက်ကူးနိုင်ဖို့ သူတို့ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယမြို့တော် တောင်ပိုင်းမှာ လေကြောင်းအခြေစိုက်ပြီး သီတင်းတပတ်ကြာ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
အရင်က မတွေ့မြင်ခဲ့ဘူးတဲ့ စစ်မြေပြင်တွင်း မြင်ကွင်းကျယ်ကို ခင်ဗျားတို့လက်ထဲက မောက်စ်ကို အပေါ်အောက်၊ ဘယ်ညာရွှေ့ပြီး ၃၆၀ ဒီဂရီအမြင်နဲ့ ကြည့်ရှုနိုင်မှာပါ။
ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆာဖာရီဝက်ဘ်ဘရောက်ဇာနဲ့တော့ ကြည့်ရှုလို့ရနိုင်မှာ မဟုတ်ဘဲ ယူကျု မိုဘိုင်းလ်အပလီကေးရှင်းနဲ့သာ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။