မီနီဘတ်စ်များ မေ ၂၄ ရက် နောက်ဆုံးထား ဖယ်ရှားရမည်
အာကာ
·
May 23, 2017
ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းတွေမှာ မီနီဘတ်စ်တွေကို မေ၂၄ နောက်ဆုံးထား ဖယ်ရှားပြီး စီးတီးဘတ်စ်တွေနဲ့ အစားထိုးပြေးဆွဲသွားဖို့ရှိပါတယ်။
မြို့တွင်းသီးသန့်ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်း ၃ လိုင်းထဲက မီနီဘတ်စ်တွေကို မေ၂၄ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြားထားတာပါ။
ဒီလိုင်း ၃ လိုင်းထဲမှာ ၅၆ နဲ့ ၅၇ လိုင်းတွေမှာတော့ မီနီဘတ်စ်တွေကို တခြား လမ်းကြောင်းတွေကို ရွှေ့ထားပြီး မေလ ၂၃ ရက်နေ့အထိ ၅၈ ယာဉ်လိုင်းမှာ မီနီဘတ်စ်အစီး ၂၀ ဆက်လက်ပြေးဆွဲနေကာ မေလ ၂၄ ရက်နေ့မှာ အပြီးဖယ်ရှားဖို့ ပြင်ဆင်နေပါတယ်။
ဒီလိုင်း ၃ လိုင်းမှာ လိုအပ်တဲ့ City Bus တွေကို ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုက ကားသစ်တွေ ဖြည့်တင်းသွားဖို့ အစီအစဉ်ရှိနေပါတယ်။