A d v e r t i s e m e n t With Us

ခရီးသွားဧည့်သည်များကို ဆွဲဆောင်နေသည့် အင်ဒိုနီးရှား သက်တံရွာကလေး (ရုပ်သံ)

တချိန်က ဆင်းရဲသားရပ်ကွက်အဖြစ် သိထားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက ကမ်ပန် ပုလန်းဂျီးရွာဟာ ခုတော့ ပြည်တွင်းပြည်ပဧည့်သည်တွေ သွားရောက်လည်ပတ်စရာ နေရာအဖြစ် ဆွဲဆောင်နေပါပြီ။ သက်တံရွာလို့သိကြတဲ့ ဒီရွာကို အရင်လကမှ ဒေသန္တရအစိုးရက အမေရိကန်ဒေါ်လာ ၂၂၅၀၀ အကုန်ခံပြီး မွမ်းမံပြင်ဆင်ပေးခဲ့တာပါ။ နိုင်ငံရဲ့ တခြားဒေသတွေမှာ အလားတူ စီမံကိန်းတွေကို မြင်တွေ့အပြီး ခုလို ရောင်စုံခြယ်မယ့် စိတ်ကူးကို ရခဲ့တယ်လို့ ပုဂ္ဂလိက အထက်တန်းကျောင်းဆရာ ဆလာမတ် ဝီဒိုဒိုက ပြောပါတယ်။ အမြင်သစ်ဟာ ဒီရွာအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးပြီး ဒေသခံတွေ ပိုတက်ကြွပြီး ဖန်တီးချင်စိတ် ပေါက်လာအောင် အားပေးလိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။ ဧည့်သည်တွေလည်း နေ့တိုင်း စုပြုံရောက်လာပြီး ရောင်စုံအိမ်တွေနားမှာ အမူအရာ အမျိုးမျိုးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်နေတာပါ။ အရင်ကတော့ အမြင်အာရုံကို မဖမ်းစားနိုင်လို့ ရွာရှိမှန်း သတိမထားမိဘဲ ဖြတ်ကျော်ခဲ့ကြတယ်လို့ ပြည်တွင်းဧည့်သည်တဦးက ပြောပါတယ်။ ခုတော့ ဒေသခံတွေဟာ သူတို့ဘဝ အသက်မွေးဝမ်းကြောင်းအတွက် အဆင့်တိုးမြင့်လာအောင် စွမ်းဆောင်နိုင်ပြီလို့ ပြောပါတယ်။ တချို့အိမ်တွေကို ဆေးသုတ်နေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up