A d v e r t i s e m e n t With Us

သမ္မတထရမ့်ပိုင်ဆိုင်သည့် မာရာလာဂို Resort ရှေ့ လမ်းပေါ်တွင် မြေကျင်းကြီးတခု ဖြစ်ပေါ် (ရုပ်သံ)

သမ္မတထရမ့်ပိုင်ဆိုင်သည့် မာရာလာဂို Resort ရှေ့... ဖလော်ရီဒါပြည်နယ် Palm Beach မြို့နယ်က သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ မာရာလာဂို Resort ရှေ့တည့်တည့်က လမ်းမပေါ်မှာ သဘာဝမြေကျင်းတခု ပေါ်လာပါတယ်။ ၄ ပေပတ်လည်လောက်ရှိတဲ့ အဲဒီမြေကျင်းရဲ့ ပတ်ပတ်လည်ကို ပြင်ဆင်ရေးလုပ်သားတွေက မေလ ၂၂ ရက်နေ့မှာ အကာအရံတွေ တပ်ဆင်လိုက်ပါတယ်။ အဲဒီအနီးတဝိုက်မှာ ရေပိုက်လိုင်းအသစ်တခု တပ်ဆင်လိုက်တာနဲ့ ပတ်သက်လိမ့်မယ်လို့ မြို့တော်စည်ပင်ဝန်ထမ်းတွေက ယုံကြည်နေကြသလို မကြာခင်မှာ စုံစမ်းစစ်ဆေးဖို့ ကျင်းတူးကြည့်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတ ထရမ့်ဟာ နိုင်ငံတကာက လာရောက်လည်ပတ်ကြတဲ့ ခေါင်းဆောင်တွေကို အဲဒီ မာရာလာဂို Resort မှာ ဧည့်ခံလေ့ရှိပြီး သူ့ရဲ့ မာရာလာဂို Resort ကို ဆောင်းရာသီ သမ္မတအိမ်တော်လို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့ အောက်ခံမြေသားဟာ ထုံးကျောက်မြေအမျိုးအစား ဖြစ်တာကြောင့် သဘာဝမြေကျင်းတွေ ဖြစ်လေ့ရှိပါတယ်။ ဖလော်ရီဒါက စမ်းချောင်းတွေ၊ ကန်တွေနဲ့ မြစ်ကျိုးအင်းတွေဟာ ထုံးကျောက်တွေကို မြေအောက်ရေစီးကြောင်းတွေ တိုက်စားပြီး ဖြစ်ပေါ်လာကြတာပါ။ ဖလော်ရီဒါမြောက်ပိုင်းနဲ့ အလယ်ပိုင်းဟာ ဖလော်ရီဒါတောင်ပိုင်းထက် ပိုပြီး သဘာဝမြေကျင်းတွေ အဖြစ်များတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up