မန္တလေးတိုင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆိုင်ကယ်အစီး ၃၀ လှူဒါန်း
DVB
·
May 23, 2017
မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများမှာ ဆောင်ရွက်ရန်အတွက် အောင်ကမ်ဘို ကုမ္ပဏီမှ ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်အစီး ၃၀ ကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မေလ ၂၃ ရက်နေ့ မနက် ၈ နာရီမှာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်းရှိ ရဲသူရိန်ခန်းမမှာ လှူဒါန်းခဲ့ပါ တယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ခေတ်နဲ့လည်း လိုက်လျောညီထွေမှုရှိနေရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။