သူရဦးတင်ဦး၏ ကျန်းမာရေးအခြေအနေအပေါ် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် မေးမြန်းချက် (ရုပ်သံ)
ပြည့်ဘုန်းအောင်
·
May 23, 2017
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေဟာ သိသာတဲ့ တိုးတက်မှုရှိပြီး နဂိုထက်ဆိုးရွားတဲ့ အခြေအနေ မတွေ့ရဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။
အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ သူရဦးတင်ဦးဟာ မေလ ၁၈ ရက် မနက်ကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး မေလ ၂၂ ရက်နေ့ လူနာအခြေအနေနဲ့ ပတ်သက်လို့ ဆေးရုံအုပ်ကြီးက သတင်းထုတ်ပြန်ထားပါတယ်။
လူနာဟာ လက်ယာဘက်ခြမ်း မလှုပ်ရှားနိုင်သေးသလို စကားလည်း ပီပီသသ မပြောနိုင်သေးပေမယ့် သတိကောင်းစွာရှိနေပြီး နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေကတော့ ပုံမှန်အတိုင်းရှိနေတယ်လို့ ဆိုပါတယ်။
ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အထူးကုဆရာဝန်ကြီး ၁၅ ဦး ပါဝင်တဲ့ ဆေးဝါးကုသရေး ကော်မတီကို ဖွဲ့စည်းပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဦးတင်ဦးရဲ့ ကျန်းမာရေး နောက်ဆုံးအခြေအနေကို အသေးစိတ်သိရဖို့ ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို ကို ဒီဗွီဘီက သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။