A d v e r t i s e m e n t With Us

အနာဂတ်နှင့်ပတ်သက်၍ အသင်းမှ ဆုံးဖြတ်လိမ့်မည်ဟု လီဗာပူးတိုက်စစ်မှူး စတာရစ် ပြော

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးအသင်းမှာ ဆက်ကစားချင်ပေမယ့် သူ့ရဲ့အနာဂတ်ကို အသင်းက ဆုံးဖြတ်မှာဖြစ်တယ်လို့ တိုက်စစ်မှူး စတာရစ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယဦးစားပေး ကစားသမားအနေနဲ့ ဖြတ်သန်းခဲ့ရတာပါ။ ကွင်းတွင်းစွမ်းဆောင်ရည် တိုးတက်အောင်လုပ်ရမှာက သူ့ရဲ့အလုပ်ဖြစ်ပြီး စာချုပ်သက်တမ်းကိစ္စကိုတော့ အသင်းက ဆုံးဖြတ်မှာဖြစ်တယ်လို့ စတာရစ်က ပြောပါတယ်။ စတာရစ်နဲ့ လီဗာပူးအသင်းတို့ဟာ ၂၀၁၉ အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး  စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့အတွက် သက်တမ်းတိုးဖို့ ဆွေးနွေးရခြင်း မရှိသေးဘူးလို့လည်း စတာရစ်က ဆိုပါတယ်။ စတာရစ်ဟာ ဒီနှစ်ရာသီမှာ လီဗာပူးအသင်းအတွက် ပွဲ ၂၀ ပဲ ကစားခဲ့ရပြီး ၇ ပွဲပဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up