Home
မြန်မာသတင်း
ရွာသားများကိုဝါးခြမ်းပြားဖြင့် ရိုက်ခဲ့သည့် တပ်မတော်သား ၂ ဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်
DVB
·
May 23, 2017
  ရခိုင်ပြည်နယ်မှာ ရွာသားတွေကို ၀ါးခြမ်းပြားနဲ့ ရိုက်ခဲ့မှုနဲ့ပတ်သက်ပြီး  တပ်မတော်အရာရှိတဦးနဲ့  စစ်သည်၂ ဦးကိုအရေးယူခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ မြင်းလွတ်ကျေးရွာ ကျောင်းဆရာမတွေ နေထိုင်တဲ့  အဆောင်မီးလောင်မှု ငြိမ်းသတ်ရာမှာ  ပူးပေါင်း ဆောင်ရွက်ဖို့  အားနည်းတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့  ရွာသားတွေကို ဝါးခြမ်းပြားနဲ့ ၂/၃ ချက်စီရိုက်ခဲ့တဲ့ ဖြစ်စဉ်ကို စုံးစမ်းစစ်ဆေးပြီး စစ်ကြောင်းတာဝန်ရှိသူ အရာရှိ ၁ ဦးကို အပြစ်ဖော်ပြသတိပေးဆုံးမခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့ စစ်သည် ၂ ဦးကို နယ်ဘက်ဆိုင်ရာပြစ်မှုရာဇသတ်ကြီးပုဒ်မ-၃၂၃ အရ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နယ်ဘက်ထောင် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုးတန်ကောက်ကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်း ရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၁ စီးကို ပိုင်ရှင်မသိဘဲ ယူဆောင်စီးနင်းထားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ပြီး မှန်ကန်တဲ့အတွက် စစ်သည် ၁ဦးကို  နယ်ဘက် ဆိုင်ရာပြစ်မှု ရာဇသတ်ကြီးပုဒ်မ-၃၈၀ အရ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နယ်ဘက်ထောင် ၁ နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ကိုတော့  ဆိုင်ကယ်တန်ဖိုးငွေ ကျပ် ၅ သိန်း ၃ သောင်း ကိုပေးလျော်စေခဲ့တယ်လို့ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024