Home
မြန်မာသတင်း
ဇွန်လအတွင်း စတင်ပြေးဆွဲမည့် Water Taxi များ  တည်ဆောက်နေ
ပြည့်ဘုန်းအောင်
·
May 23, 2017
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် ရန်ကုန်မြို့ မြစ်တွေအတွင်းမှာ ပြေးဆွဲမယ့် Water Taxi ရေယာဉ်တွေကို ရန်ကုန်မြို့၊ ဆိတ်ကြီးခနောင်တိုမြို့နယ်က နဝရတ်သဘောင်္ကျင်းမှာ တည်ဆောက်နေပါတယ်။ Water Taxi တင်ဒါအောင်မြင်ထားတဲ့ တင့်တင့်မြန်မာကုမ္ပဏီအနေနဲ့ တင်ဒါစည်းမျဉ်းနဲ့မညီတဲ့ ရေယာဉ်တွေနဲ့ ပြေးဆွဲခဲ့ရင် လုပ်ပိုင်ခွင့် ပြန်လည်ဖျက်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီး လွှတ်တော်မှာ မေလ ၂၂ ရက်နေ့က ပြောဆိုထားပါတယ်။ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီဖြစ်တဲ့ တင့်တင့်မြန်မာ ကုမ္ပဏီကတော့ Water Taxi အဖြစ် ajပးဆွဲမယ့် ရေယာဉ်တွေကို နိုင်ငံတကာအဆင့်မီ ပြေးဆွဲသွားမယ်လို့ ပြောထားပေမယ့် လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ Water Taxi အတွက် ရေယာဉ်တွေကို တည်ဆောက်နေပြီး ရေယာဉ်ဒီဇိုင်းတွေဟာ ချင်းတွင်းမြစ်ထဲမှာ ပြေးဆွဲနေတဲ့ လျှော်တည်တွေပုံစံ ဖြစ်နေတယ်လို့ ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တိုင်းဒေသကြီး လွှတ်တော်မှာ ထောက်ပြ ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024