A d v e r t i s e m e n t With Us

ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ကားဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

  မန္တလေးမြို့မှာ ဒီနေ့ မနက် ၁ နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ကားတစီးက ၀င်တိုက်မိတဲ့အတွက် ရဲတပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ဇလပ်ဝါနဲ့ ဒေလီယာလမ်းကြား ဒီနေ့ မနက် ၁ နာရီမှာ အမှတ် ၁၁ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကိုဇော်မင်းထိုက် ဦးဆောင်တဲ့အဖွဲ့ လှည့်ကင်းလှည့်နေစဉ် မြောက်ကနေ တောင်ဘက်သို့ ယာဉ်မောင်း ဇေယျာထွန်း မောင်းနှင်လာတဲ့ ဟွန်ဒါဖစ်အမျိုးအစား YGN 9F 8360 ကားမှ လှည့်ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၇ ဦးကို ဝင်ရောက်တိုက်မိရာ ရဲတပ်သား ကိုဟန်ဝင်းအောင် (၁၉)နှစ် နေရာမှာပင် သေဆုံးခဲ့တာပါ။ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၇ ဦးကို မန္တလေးပြည်သူဆေးရုံကြီးကို အရေးပေါ် လူနာအဖြစ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ဟွန်ဒါပစ်ကတ် အမျိုးအစား ကား YGN 9F 8360  ယာဉ် မောင်းနှင်သူကို  အမှတ် ၁၁ နယ်မြေရဲစခန်းက အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်

A d v e r t i s e m e n t With Us

More News
Up