ကြီးကျယ်ခမ်းနားမှုနှင့် အဆုံးသတ်သည့် ကျေနပ်စရာ ဘောလုံးရာသီဖြစ်ဟု ရော်နယ်ဒို ပြော

559
ကြီးကျယ်ခမ်းနားမှုတွေနဲ့ အဆုံးသတ်တဲ့ ကျေနပ်စရာ ဘောလုံးရာသီတခုဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက လာလီဂါဖလားရယူအပြီးမှာ ပြောပါတယ်။
ရီးရဲလ်အသင်းဟာ လာလီဂါ နောက်ဆုံးပွဲစဉ်မှာ မာလာဂါအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ၃ မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
အသင်းတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တာတွေ၊ နည်းပြရဲ့ ပါးနပ်မှုတွေနဲ့အတူ ကစားသမားတွေရဲ့ စုပေါင်းကြိုးစား အားထုတ်မှုက အကောင်းဆုံးဘောလုံးရာသီ ဖြစ်စေခဲ့တယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။
ဒါ့အပြင် ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးလည်း မိမိအနေနဲ့ သူတော်စင်တယောက် မဟုတ်သလို ဆိုးသွမ်းတဲ့သူလည်း မဟုတ်တဲ့အကြောင်း ရော်နယ်ဒိုက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ကာဒစ်မှာကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပေမယ့် နောက်ထပ် ဖလားတလုံးရရှိအောင် ကြိုးစားသွားမယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။
ရီးရဲလ်အသင်းဟာ လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက်ရယူရေး မျှော်လင့်ချက်အတွက် ဂျူဗင်တပ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။