သူရဦးတင်ဦးအတွက် ကျောက်တံတားအန်အယ်လ်ဒီပါတီဝင်များ ဆုတောင်းပွဲပြုလုပ်
ဇေယျာချမ်းအေး
·
May 22, 2017
မေလ ၁၇ ရက်နေ့ညပိုင်းကစပြီး မကျန်းမမာဖြစ်နေတဲ့ အန်အယ်လ်ဒီ နာယကကြီး ဦးတင်ဦးအတွက် ဆုတောင်းပွဲကို ကျောက်တံတားမြို့နယ် အန်အယ်လ်ဒီပါတီဝင်တွေက မေလ ၂၂ ရက်ညနေပိုင်း ဆူးလေဘုရားမှာပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တက်ရောက်ခဲ့ပြီး ပါတီဝင် ငါးဆယ်ကျော်တို့ ဆုတောင်းခဲ့ကြပါတယ်။
ဒီမိုကရေစီလမ်းစဉ်ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ဦးတင်ဦးဟာ အန်အယ်လ်ဒီပါတီအတွက် အလွန်အရေးပါတဲ့အတွက် အခု ဆုတောင်းပွဲကို ပြုလုပ်ရတာ ဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်လှဇံက ဆုတောင်းပွဲအပြီးမှာ ပြောပါတယ်။