ဒေသခံလူမျိုးစုတွေကို အသိအမှတ်ပြုဖို့ ဩစတြေးလျ အခြေခံဥပဒေ ပြောင်းလဲဖို့လုပ်
Published By
DVB | 31 January, 2012
4K
0
Share
0
Comment
0
Likes

ဩစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားလူမျိုးစုတွေကို အသိအမှတ်ပြုဖို့အတွက် အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဝန်ကြီးချုပ် ဂျူလီယာ ဂီလဒ်ရဲ့ အစိုးရက အခြေခံဥပဒေ ပြုပြင်နိုင်ရေး အကောင်းဆုံးနည်းလမ်း ရှာဖွေဖို့ ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်နေပါတယ်။ အခြေခံဥပဒေသစ်မှာ လူမျိုးရေးခွဲခြားမှုတွေ တားမြစ်ဖို့၊ ရှေးဦးကတည်းက ဩစတြေးလျမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ ပထမဆုံး အခြေခဲ့ကြတဲ့ တောရက်စ် ကျွန်းသားတွေကို အသိအမှတ်ပြုဖို့တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာဖြစ်ပြီး၊ အဲဒီလုပ်ငန်းက ကြီးမားတဲ့ စိန်ခေါ်မှုတ်ခုဖြစ်နေတဲ့အကြောင်း ဩစတြေးလျ ရေဒီယိုမှ သတင်းထောက် ‘ဂီရစ်ရှ် စောလာနီ’ (Girish Sawlani)က သတင်းပေးပို့ထားတာပါ။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။