Homeအာရှဒေသ
ဖနွမ်းပင်မြို့လယ် နေအိမ်တွေက မတရားရွှေ့ပြောင်းခံရတဲ့ မိသားစုများ သုံးနှစ်ပြည့် ဆန္ဒပြ
ဖနွမ်းပင်မြို့လယ် နေအိမ်တွေက မတရားရွှေ့ပြောင်းခံရတဲ့ မိသားစုများ သုံးနှစ်ပြည့် ဆန္ဒပြ
DVB
·
January 30, 2012
လွန်ခဲ့တဲ့သုံးနှစ် ယခုလိုအချိန်မှာ ကမ္ဘောဒီးယားနိုင်ငံမှ ရာနဲ့ချီတဲ့ မိသားစုတွေဟာ ဖနွမ်းပင်မြို့လယ်ရှိ သူတို့ အိမ်တွေကနေ အတင်း ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ အဲဒီ သူတို့နေခဲ့တဲ့နေရာကို ကမ္ဘောဒီးယား အနုပညာရပ်ကွက် ‘ဒေး ခရာဟွန်း’ လို့ လူသိများပါတယ်။ ရိုးရာ ဂီတသမားတွေနဲ့ ကချေသည်တွေက သင်တန်းကျောင်းတွေဖွင့်ပြီး လူငယ်မျိုးဆက်သစ်တွေကို သင်ကြားပေးတဲ့ နေရာဖြစ်ပါတယ်။ အစိုးရက အဲဒီ့မြေနေရာတွေကို သိမ်းယူပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလက်ထဲ ရောင်းချခဲ့ပါတယ်။ စစ်တပ်၊ ရဲနဲ့ ကုမ္ပဏီအလုပ်သမားတွေက ရာနဲ့ချီတဲ့ မိသားစုတွေရဲ့ အိမ်တွေကို ဘူဒိုဇာတွေနဲ့ အတင်းဝင်ရောက် ထိုးကော် ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ အနုပညာသည် မိသားစုတွေက သူတို့ အိမ်နေရာအတွက် လျော်ကြေးပြန်ရဖို့ အခုထိ တိုက်ပွဲဝင်နေတဲ့ အကြောင်း ဖနွမ်းပင် မြို့မှ သတင်းထောက် ‘ဘိုးရင်နောင်’ က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။