မြန်မာ့အကြီးဆုံး ကျွန်းပင်အား ဗန်းမောက်တွင် သစ်တောဌာနမှ ထိန်းသိမ်းထား
ပိုင်စိုး
·
May 22, 2017
လုံးပတ် ၂၆ ပေကျော်ရှိတဲ့ မြန်မာ့အကြီးဆုံးကျွန်းပင်ကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နန်းကျင်ကြိုးဝိုင်းထဲမှာ ရှိပြီး သစ်တောဌာနက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒီအပင်ကို ၁၉၉၇ ခုနှစ် မှာ စတင်တွေ့ရှိခဲ့ပြီး ရင်စို့လုံးပတ် ၂၆ ပေ ၄ လက်မ ရှိပါတယ်။ ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်နေ့ တိုင်းတာရာမှာတော့ ရင်စို့လုံးပတ် ၂၆ ပေ ၈ လက်မအထိ တိုးတက်ကြီးထွားလာတယ်လို့ သစ်တောဦးစီးဌာန မှတ်တမ်းအရ သိရပါတယ်။
ဒုတိယအကြီးဆုံး ကျွန်းပင်ကတော့ ပြင်ဦးလွင်မှာရှိပါတယ်။ တတိယအကြီးဆုံး ကျွန်းပင်ကတော့ ကသာခရိုင် ကောလင်းမြို့နယ်၊ မုတ်ဝကြိုးဝိုင်းမှာ ရှိပြီး ရင်စို့လုံးပတ် ၂၃ ပေ ၁၀ လက်မ ရှိပါတယ်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာန