A d v e r t i s e m e n t With Us

ဖနွမ်း​ပင်မြို့​လယ် ​နေအိမ်​တွေက မတရား​ရွှေ့​ပြောင်း​ခံရတဲ့​ မိသား​စုများ​ သုံး​နှစ်ပြည့်​ ဆန္ဒပြ

လွန်ခဲ့​တဲ့​သုံး​နှစ် ယခုလိုအချိန်မှာ က​မ္ဘောဒီး​ယား​နိုင်ငံမှ ရာနဲ့​ချီတဲ့​ မိသား​စု​တွေဟာ ဖနွမ်း​ပင်မြို့​လယ်ရှိ သူတို့​ အိမ်​တွေက​နေ အတင်း​ ဖယ်ရှား​ခြင်း​ခံခဲ့​ရပါတယ်။ အဲဒီ သူတို့​နေခဲ့​တဲ့​နေရာကို က​မ္ဘောဒီး​ယား​ အနုပညာရပ်ကွက် ‘​ဒေး​ ခရာဟွန်း​’ လို့​ လူသိများ​ပါတယ်။ ရိုး​ရာ ဂီတသမား​တွေနဲ့​ က​ချေသည်​တွေက သင်တန်း​ကျောင်း​တွေဖွင့်​ပြီး​ လူငယ်မျိုး​ဆက်သစ်​တွေကို သင်ကြား​ပေး​တဲ့​ ​နေရာဖြစ်ပါတယ်။ အစိုး​ရက အဲဒီ့​မြေ​နေရာ​တွေကို သိမ်း​ယူပြီး​ ​ဆောက်လုပ်​ရေး​ လုပ်ငန်း​ရှင်​တွေလက်ထဲ ​ရောင်း​ချခဲ့​ပါတယ်။ စစ်တပ်၊​ ရဲနဲ့​ ကုမ္ပဏီအလုပ်သမား​တွေက ရာနဲ့​ချီတဲ့​ မိသား​စု​တွေရဲ့​ အိမ်​တွေကို ဘူဒိုဇာ​တွေနဲ့​ အတင်း​ဝင်​ရောက် ထိုး​ကော် ဖျက်ဆီး​ခဲ့​ပါတယ်။ အဲဒီ အနုပညာသည် မိသား​စု​တွေက သူတို့​ အိမ်​နေရာအတွက် ​လျော်​ကြေး​ပြန်ရဖို့​ အခုထိ တိုက်ပွဲဝင်​နေတဲ့​ အ​ကြောင်း​ ဖနွမ်း​ပင် မြို့​မှ သတင်း​ထောက် ‘ဘိုး​ရင်​နောင်’ က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up