ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အနောက်ဘန်ဂေါ ပြည်နယ်ကြားက မြစ်ဝကျွန်းတလျှောက်မှာ စတုရန်းကီလိုမီတာ ၂သောင်း လောက်ကျယ်တဲ့ လမုသစ်တောတွေ ရှိပါတယ်။ ‘ဆန်ဒါဘန်း’ လို့ခေါ်တဲ့ အဲဒီ ကမ္ဘာ့အကြီးမားဆုံး လမုသစ်တောကြီးဟာ တဖြည်းဖြည်းနဲ့ ပင်လယ်ရေ တိုက်စားခြင်း ခံနေရပါတယ်။ ကောင်းကင်ဂြိုဟ်တုက ပေးပို့တဲ့ပုံတွေအရ အဲဒီလမုသစ်တော နေရာတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပျမ်းမျှ တနှစ်ကို ၁. ၂ စင်တီမီတာနှုန်း တက်နေပါတယ်။ တနှစ်ကို ၂ မီလီမီတာနှုန်း တက်နေတဲ့ ကမ္ဘာ့ပင်လယ်ရေ မြင့်တက်မှုနှုန်းထက် အများကြီး ပိုနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဆန်ဒါဘန်း သစ်တောကြီးမှ ကျွန်းလေးကျွန်း ပျောက်ကွယ်သွားခဲ့ပြီး လူ ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မကြာခင်မှာ တခြားကျွန်း ၁၀ ကျွန်းလောက်လည်း ပျောက်ကွယ်ဖို့ ရှိတဲ့အကြောင်း အဲဒီနေရာတွေကို သွားရောက်ခဲ့တဲ့ ‘ရှခ် အဇစ်ဇာ ရာမန်’ (Shaikh Azizur Rahman)က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်တော့မယ့် ကျွန်းများ
RELATED ARTICLES