A d v e r t i s e m e n t With Us

အသံထွက်နိုင်သည့် ဆေးမင်ကြောင် (ရုပ်သံ)

ဒီ တက်တူးမှာ လျှို့ဝှက်ချက်တခုရှိတယ်။ "I love you." ဒါက တက်တူးပန်းချီပညာရှင် နိတ်ဆစ်ဂါ့ဒ်ရဲ့ စိတ်ကူးစိတ်သန်းတခုပါ။ သူ့ရဲ့ မိတ်ဆွေတချို့က အယ်လ်တန်ဂျွန်ရဲ့ သီချင်းတပုဒ် အသံလှိုင်းပုံစံ တက်တူးတခု ထိုးခိုင်းရာက ဒီအသံထွက်ဆေးမင်ကြောင်ကို စိတ်ကူးရလာခဲ့ပါတယ်။ “သူတို့ကိုယ်တိုင် ချိန်းဆိုမှုကို ပျက်ကွက်ခဲ့တာကြောင့် ဒီအသံတွေကို ပြန်ပြီးနားထောင်နိုင်ရင် မကောင်းဘူးလားလို့ ကျနော့်ရဲ့ရည်းစား ဂျူလီယာနာက အကြံပေးခဲ့ပါတယ်။ ပြီးတော့ ဒါကို ကျနော့်အနေနဲ့ အမှန်တကယ် ပြုလုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါက တကယ်ကို အလုပ်ဖြစ်ပြီး ကျနော်ကိုယ်တိုင် ပြုလုပ်ခဲ့တယ် ဆိုတာကို သက်သေပြနိုင်ဖို့ နမူနာတခု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော့်ခြေထောက်မှာ ဂျူလီယာနာရဲ့ ‘ရှင်နဲ့ သမီးလေးကိုချစ်တယ်’ ဆိုတဲ့ တက်တူးတခု ကိုယ်တိုင်ရေးထိုးခဲ့ပါတယ်။” အသံလှိုင်းတက်တူးက သူနဲ့ ဆက်စပ် စမတ်ဖုန်း အပလီကေးရှင်းတခုနဲ့ အလုပ်လုပ်ပါတယ်။ ပြုလုပ်ချင်တဲ့ အမှတ်တရအသံတခုကို အဲဒီအပလီကေးရှင်းက အသံလှိုင်းပုံအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါကို လေ့ကျင့်ထားတဲ့ တက်တူးပန်းချီဆရာက ဆေးမင်ကြောင် ရေးထိုးပေးပါတယ်။ ပြီးသွားရင် အဲဒီတက်တူးရဲ့ ဓာတ်ပုံကို အပလီကေးရှင်းမှာ အပ်လုပ် (Upload) လုပ်လိုက်ရင် သက်ဆိုင်ရာအသံနဲ့ ချိတ်ဆက်ပေးပါတယ်။ “တက်တူးကို မြင်လိုက်တာနဲ့ မှတ်မိပြီး သက်ဆိုင်ရာ တက်တူးရဲ့ အသံကို ဖွင့်ပြဖို့အတွက် image recognition နည်းပညာကို အသုံးပြုထားပါတယ်။” ဆစ်ဂါ့ဒ်ရဲ့မိတ်ဆွေ ဂျွန်ဂေါ်နာရဲ့ အဖေက ကင်ဆာနဲ့ မကြာမီက ကွယ်လွန်သွားပါတယ်။ “သင့်အနေနဲ့ လုံးဝယုံကြည်မှုရှိဖို့လိုပါတယ်။ တကယ်ယုံကြည်ပြီး ဆန္ဒပြင်းပြရင် အရာရာကို ကျော်လွှားနိုင်ပါတယ်။” သူ့အဖေ အသက်ရှိစဉ်က ဆုံးမစကားလေးကို အမြဲအမှတ်ရနေဖို့အတွက် အသံလှိုင်းတက်တူး ထိုးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လမှာ ဒီအပလီကေးရှင်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံလှိုင်းတက်တူး ရေးဆွဲပေးမယ့် လိုင်စင်ရ တက်တူးပန်းချီပညာရှင်တွေ ရှိလာတော့မှာမို့ တက်တူးလောကအတွက် ဆန်းသစ်တဲ့ ဖန်တီးမှုတခုကို ယူဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up