Home
သတင်းဓာတ်ပုံ
အီးယူစစ်ဘက်ဆိုင်ရာကော်မတီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ (ဓာတ်ပုံ)
DVB
·
May 22, 2017
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီခေးလ်ကော့စ်တာရာကော့စ်ကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုးကြီး မင်းအောင်လှိုင်က ဒီကနေ့မနက် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့  ကြိုဆိုပါတယ်။ အီးယူစစ်ဘက်ဆိုင်ရာကော်မတီအကြီးအကဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို  မြန်မာကာကွယ်ရေးဦးစီးချုပ်က ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အလားတူ ဗိုလ်ချုပ်ကြီး မီခေးလ်ကော့စ်တာရာကော့စ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ရှိမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့  ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေးဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024