ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် ပရိသတ်လေးသောင်းဆန့် ဘောလုံးကွင်းဖွင့်လှစ်

ဓာတ်ပုံ - ရိုက်တာ
500
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပမယ့် ဘောလုံးကွင်းတွေထဲက ပထမဆုံး စာရင်းတင်သွင်းခဲ့တဲ့ ကာတာနိုင်ငံ မြို့တော် ဒိုဟာက ဘောလုံးကွင်းကို ပြုပြင်မှုတွေလုပ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ကမ္ဘာ့ဖလားပွဲစီစဉ်တဲ့အဖွဲ့က ပြောပါတယ်။
ကာတာနိုင်ငံ ခေါင်းဆောင် ရှိတ်ခ်တာမီးဘင်ဟာမက်အယ်ထာနီ (Sheikh Tamim bin Hamad Al Thani) က ကာတာနိုင်ငံရဲ့ ဘုရင့်ဖလား နောက်ဆုံးဗိုလ်လုပွဲ မကန်မီ ပွဲကြည့်သူ ၄ သောင်းခန့်ရှေ့မှာ ဘောလုံးကွင်းကို ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
၁၉၇၆ ခုနှစ်က ပင်လယ်ကွေ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တည်ဆောက်ခဲ့တဲ့ အဲဒီကွင်းကို ၂၀၀၆ ခုနှစ်က အာရှအားကစားပြိုင်ပွဲမှာလည်း အသုံးပြုခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အဲဒီကွင်းကို ကမ္ဘာ့ဖလားအတွက် ခေတ်မီပြုပြင်မှုတွေလုပ်ထားပြီး အအေးပေးစနစ်သစ်က အပူချိန်ကို ကွင်းထဲမှာ ၂၀ ဒီဂရီနဲ့ ပွဲကြည့်စဉ်မှာ ၂၃ ဒီဂရီ ဆဲလ်စီးရပ်စ်မှာ ထားနိုင်အောင် လုပ်ထားတယ်လို့ ပြောပါတယ်။
အမိုးတွေကိုလည်း ပိုမိုကြီးမားတဲ့ အမိုးတွေနဲ့ ပြောင်းလဲတပ်ဆင်ထားပြီး အဲဒီကွင်းဟာ ဖီဖာရဲ့ ပထမဆုံး အယ်လ်အီးဒီမီးနဲ့ အလင်းပေးစနစ်သုံး ဘောလုံးကွင်းဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။