Home
မြန်မာသတင်း
စည်းကမ်းနှင့်မညီသည့် ရေယာဉ်များ တင်သွင်းပါက Water Taxi တင်ဒါ ပြန်ဖျက်သိမ်းမည်
DVB
·
May 22, 2017
Water Taxi တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီအနေနဲ့ တင်ဒါစည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့ ရေယာဉ်တွေ တင်သွင်းလာခဲ့ရင် တက်ဒါပြန်လည်ဖျက်သိမ်းသွားမယ်လို့ လျှပ်စစ် လမ်းပန်းဆက်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။ မေ ၂၂ ရက်နေ့က ကျင်းပနေတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေးမှာ ပြောလိုက်တာပါ။ တင်ဒါအောင်မြက်ထားတဲ့ကုမ္ပဏီမှ Water Taxi အဖြစ် ပြေးဆွဲမယ့် ရေယာဉ်တွေကို နိုင်ငံတကာအဆင့်မီ ပြေးဆွဲသွားမယ်လို့ ပြောထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ Water Taxi အတွက် ရေယာဉ်တွေကိုတည်ဆောက်နေပြီး ရေယာဉ်ဒီဇိုင်းတွေဟာ ချင်းတွင်းမြစ်ထဲမှာ ပြေးဆွဲနေတဲ့ ရေယာဉ်တွေပုံစံဖြစ်နေတယ်လို့ ဆပ်ကြီးခနောင်တို မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့ပါတယ်။ ဒါ့ကြောင့် တင်ဒါအောင်ကုမ္ပဏီဖြစ်တဲ့ တင့်တင့်မြန်မာကုမ္ပဏီိကို ဘယ်လိုအချက်အလက်တွေနဲ့ရွေးချယ်ခဲ့သလဲ၊ ရေလမ်းခရီးသွားလာရမယ့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ဘယ်လိုစီစဉ်ထားသလဲ ဆိုတာ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။ Water Taxi အတွက် တင်ဒါခေါ်ယူစဉ်က လျှောက်လွှာဝယ်ယူသူပေါင်း ၃၉ ဦး ရှိပေမယ့် လာရောက်တင်ဒါလျှောက်ထားချိန်မှာ တင့်တင့်မြန်မာကုမ္ပဏီနဲ့ ဒိုင်းမွန်းပဲလေ့စ်ကုမ္ပဏီ ၂ ခုသာ လာရောက်လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ တင်ဒါရွေးချယ်တဲ့ ကုမ္ပဏီတွေကို ဈေးနှုန်း၊ ဝန်ဆောင်မှုအရည်အသွေး၊ ပန်ဝန်းကျင်ထိခိုက်မှု စတဲ့အချက်သုံးချက်နဲ့ ရွေးချယ်ခဲ့တယ်လို့ ဝန်ကြီးဒေါ်နီလာကျော်က ဖြေကြားခဲ့ပါတယ်။ လက်ရှိတင်ဒါအောင်မြင်ထားတဲ့ တင့်တင့်မြန်မာကုမ္ပဏီအနေနဲ့ နိုင်ငံတကာက ရေယာဉ်တွေကို အသုံးပြုပြေးဆွဲသွားမယ်လို့ ဝန်ကြီးဒေါ်နီလာကျော်က ဆိုပါတယ်။ မကြာခင်အချိန်မှာ အင်းစိန် အောင်ဇေယျတံတားကနေ ဗိုလ်တထောင်ထိ စမ်းသပ်ပြေးဆွဲသွားဖို့ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒီစမ်းသပ်ပြေးဆွဲသွားမယ့် လမ်းကြောင်းမှာ ရေယာဉ် ၂၆ စီး အသုံးပြုသွားမှာဖြစ်ပြီး သြစတြေးလျနိုင်ငံက ရေယာဉ် ၆ စီး၊ ထိုင်းနိုင်ငံက ရေယာဉ် ၁၀ စီးနဲ့ မြန်မာနိုင်ငံက ရေယာဉ် ၁၀ စီးနဲ့ ပြေးဆွဲသွားမယ်လို့ ပြောပါတယ်။ ဒီစမ်းသပ်ပြေးဆွဲတဲ့ရေယာဉ်တွေရဲ့ ပုံစံ လုံခြုံစိတ်ချရမှုနဲ့ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့နည်းမှု စတဲ့အချက်တွေပေါ် မူတည်ပြီး တင်ဒါအောင်ကုမ္ပဏီမှ ဆက်လက်ပြေးဆွဲသင့် မသင့် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ အခုပြေးဆွဲမယ့် Water Taxi ခရီးစဉ်တွေဟာ ပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးနိုင်မှုနှုန်း မြင့်မားနေတဲ့အတွက် တိကျခိုင်မာတဲ့ ရေကြောင်းဥပဒေတွေ၊ လုံခြုံစိတ်ချရတဲ့ ဆိပ်ခံတံတားတွေ၊ ရေယာဉ်တွေ အခိုင်အမာတည်ရှိပြီးမှ ပြေးဆွဲဖို့အတွက် ခွင့်ပြုသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024