A d v e r t i s e m e n t With Us

တရုတ်တွင် ကုန်မာဆိုင်တဆိုင် မီးလောင်မှုမှ ပိတ်မိနေသည့် ကလေးငယ်များကို ကယ်တင် (ရုပ်သံ)

တရုတ်တွင် ကုန်မာဆိုင်တဆိုင် မီးလောင်မှုမှ ပိတ်မိ... တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ဂွမ်ဂျိုးမြို့က ကုန်မာဆိုင်တဆိုင်မှာ မေလ ၂၁ ရက် ညက မီးလောင်ရာ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ကလေး ၂ ဦး အပါအဝင် လူ ၁၀ ဦး အဆောက်အအုံထဲမှာ ပိတ်မိနေခဲ့ပါတယ်။ မီးခိုးငွေ့တွေ ပိတ်ဖုံးနေတဲ့ အဆောက်အအုံထဲမှာ သူတို့ကို ကယ်ဆယ်ခဲ့တဲ့ မီးသတ်သမား ၁ ဦးက သူ့ရဲ့ အသက်ရှူမျက်နှာဖုံးကို ချွတ်ပြီး ကလေးငယ်ကို တပ်ပေးခဲ့ပြီးနောက် ကလေးငယ်ကို ရေစိုအဝတ်နဲ့ ထုပ်ပိုးပြီး ဘေးလွတ်ရာကို ချီထုတ်လာခဲ့ပါတယ်။ အဲဒီမီးသတ်သမားက "ဘာမှ ထွေထွေထူးထူး မစဉ်းစားမိဘဲ ကလေး မီးခိုးမွှန်မှာစိုးလို့ လုပ်ပေးခဲ့တာ" လို့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပါတယ်။ အဲဒီအတွက် ကလေးတွေရဲ့ ဆွေမျိုး ၁ ဦးက ကလေးတွေကို ဘေးမသီရန်မခ ကယ်ဆယ်ပေးခဲ့တဲ့ မီးသတ်သမားကို ကျေးဇူးတင်ပါကြောင်း ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up