Home
မြန်မာသတင်း
မိုင်းရယ်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 22, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာနေ ဦးစိုင်းခမ်းရဲ့ နေအိမ်မှာ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့ပါတယ်။ မေ ၂၁ ရက်နေ့မနက်ပိုင်းက တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ နေအိမ်ကို သွားရောက်စစ်ဆေးရှာဖွေရာ ဦးစိုင်းခမ်း၊ သားဖြစ်သူ စိုင်းညွန့်သာအပါဝင် စိုင်းစံလူနဲ့ စိုင်းဆာတို့လေးဦးအား နေအိမ်အတွင်းမှ တူမီးသေနတ်အတိုနှစ်လက်၊ တူမီးသေနတ်အရှည် သုံးလက်၊ လက်ပစ်ဗုံးတလုံး၊ မိုင်းဖောက်ခွဲရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေ၊ အမ် ၂၂ ကျည် ခြောက်တောင့်၊ ရီမုမိုင်း ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆားကစ်အိမ်သုံးခု၊ ဘိန်းဖြူမှုန့် ၃ ဒသမ ၆၇ ဂရမ်လောက်နဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြားတို့ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေ၊ လက်နက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးတွေ မိုင်းရယ်မြို့နယ်ရဲစခန်းဆီ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024