မိုးကြိုးပစ်ခံရမှုကြာင့် ခမရ ၁၆ ငွေစာရင်းရုံး မီးလောင်
Aung Ko Latt
·
May 22, 2017
မုံရွာမြို့မှာ မေ ၂၁ ရက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်လမ်း ခရမ ၁၆ ဝင်းအတွင်းရှိ နမခ ငွေစာရင်းရုံးရှေ့မျက်နှာစာက တမာပင်ကို မိုးကြိုးပစ်ရာမှ မိုးကြိုးစက်ကွင်းကြောင့် နမခငွေစာရင်းရုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၈၀၊ မီးသတ်ယာဉ် ၁၆ စီး၊ တပ်တွင်းမှ စစ်သည်/ရဲမေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့ အခြားအဆောက်အဦ၊ လူနဲ့ တိရစ္ဆာန်တွေ မီးကူးစက်လောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တိုင်းမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
ဓာတ်ပုံ-အွန်လိုင်း