A d v e r t i s e m e n t With Us

မိုးကြိုးပစ်ခံရမှုကြာင့် ခမရ ၁၆ ငွေစာရင်းရုံး မီးလောင်

မုံရွာမြို့မှာ မေ ၂၁ ရက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်လမ်း ခရမ ၁၆ ဝင်းအတွင်းရှိ နမခ ငွေစာရင်းရုံးရှေ့မျက်နှာစာက တမာပင်ကို မိုးကြိုးပစ်ရာမှ မိုးကြိုးစက်ကွင်းကြောင့် နမခငွေစာရင်းရုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၈၀၊ မီးသတ်ယာဉ် ၁၆ စီး၊ တပ်တွင်းမှ စစ်သည်/ရဲမေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့ အခြားအဆောက်အဦ၊ လူနဲ့ တိရစ္ဆာန်တွေ မီးကူးစက်လောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တိုင်းမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ ဓာတ်ပုံ-အွန်လိုင်း

A d v e r t i s e m e n t With Us

More News
Up