Home
မြန်မာသတင်း
ဦးဝီရသူ၏ လုပ်ဆောင်ချက် ဓမ္မ၊ အဓမ္မ ခွဲခြားပေးရန် မဟနထံ တောင်းဆို
ရန်နိုင်ဇော်ဝင်း
·
May 22, 2017
ဦးဝီရသူရဲ့ လုပ်ဆောင်ချက်တွေဟာ ဓမ္မလား၊ အဓမ္မလား ခွဲခြားပေးဖို့ လက်မှတ် ကောက်ခံပြီး မဟနကို အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် အကြောင်းမထူးတဲ့အတွက် ရန်ကုန်တိုင်းအတွင်း ဒုတိယအကြိမ် ထပ်မံလက်မှတ်ကောက်ခံခဲ့တယ်လို့ အဓမ္မဝါဒီဆန့်ကျင်ရေး ကော်မတီက  ပြောပါတယ်။ ပြီးခဲ့ ဧပြီလတုန်းက တောင်ဒဂုံကပြည်သူတွေက ဦးဝီရိသူရဲ့လုပ်ဆောင်ချက်တွေဟာ ဓမ္မလား၊ အဓမ္မလားခွဲခြားပေးဖို့ လက်မှတ်ရေးထိုးရေးထိုးပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကို စာတင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းမထူးခဲ့တာကြောင့် ထပ်မံအရှိန်မြှင့် လက်မှတ် ကောက်ခံတာလို့ ဦးဆောင်သူတွေက ဆိုပါတယ်။ “ကျနော်တို့ ဒီဖရိန်ပါပဲ၊ ဒီဖောမက်ပါပဲ။ ဦးဝီရသူရဲ့ ပြောဆိုပြုမူ လုပ်ကိုင်ဆောင်ရွက်ချက် တွေက ဓမ္မလား၊ အဓမ္မလား၊ ကျနော်တို့ ဗုဒ္ဓဘာသာ၊ ကျနော်တို့ တိုင်းပြည်က နိုင်ငံသားတွေ ၀ိုင်းစုပေါင်း လက်မှတ်ထိုးပြီးတော့ သံဃာ့ဝိနည်းရ ခုံရုံးတင်ပြီး ဆုံးဖြတ်ကြေညာပေးပါလို့ဆိုတဲ့ ဖရိန်အတိုင်းပဲ ကျနော်တို့ လုပ်မှာဖြစ်ပါတယ်။ ဒီတိုင်းတတိုင်းလုံးကောက်မယ်။ မရရင် မန္တလေးတိုင်း ထပ်ကောက်မယ်။ မရရင် နောက်ထပ် ပြည်နယ်တွေ ထပ်ကောက်မယ်။ ကျနော့် စဉ်းစားချက်ပါ။ လုပ်မယ်မလုပ်ဘူးဆိုတဲ့ တိကျတဲ့စကားကိုပြောဖို့ စောပါသေးတယ်” လို့ အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီ ဦးဆောင်အဖွဲ့ဝင် ကိုမြတ်ကျော်က ပြောပါတယ်။ ဒီလက်မှတ်တွေကို အဓမ္မဝါဒီဆန့်ကျင်ရေး ကော်မတီက ဦးဆောင် ကောက်ခံတာဖြစ်ပြီး ရန်ကုန်တိုင်းတခုလုံးကို ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒီလို ကောက်ခံတဲ့နေရာမှာလည်း မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ မေလ ၂၁ ရက်နေ့က တောင်ဥက္ကာလာပ လက်မှတ်ကောက်ခံပွဲမှာ  ပြည်သူ ၈၀၀ လောက် လာရောက်လက်မှတ်ထိုးခဲ့ကြပါတယ်။ “ဓမ္မနဲ့ အဓမ္မခွဲခြားပြီးသိရင် ဓမ္မဆိုတာ ဗုဒ္ဓရဲ့ တရားတော် အင်မတန်လေးစားဖို့ ကောင်းပါတယ်။ အဲဒီလို ဓမ္မကျကျ ဓမ္မ၀ါဒီကို ကျနော်တို့ လက်မှတ်ထိုးခြင်း ဖြစ်ပါတယ်” လို့ လက်မှတ်ထိုးသူ တဦးဖြစ်တဲ့ ဦးသိန်းဦးက ပြောပါတယ်။ “ဒီ ဦးဝီရသူတို့ ဟောတဲ့ဟာတွေက နိုင်ငံရေးမှ မဟုတ်တာ။ ပဋိပက္ခဖြစ်အောင်ပဲ လူမျိုးရေး ၀ါဒဖြန့်တာပဲရှိတယ်။ ဓမ္မ၀ါဒီမှ မဟုတ်တာ။ ဟိုတုန်းက ဦးသုမင်္ဂလတို့ ဘာတို့ဟောတယ်ဆိုတာ မင်းကျင့်တရားတို့ဘာတို့ဆိုတာ ဘုရားဟော ဓမ္မနဲ့အညီ ဟောပေးတာ။ မကောင်းတဲ့သူတွေကို ကောင်းအောင်။ အခုဟာက သူတို့က နိုင်ငံရေးကို ဘာသာရေးနဲ့ အယုံသွင်းပြီးတော့ လှုံ့ဆော်တာ” လို့ လက်မှတ်လာရောက်ထိုးသူ ကိုမင်းခိုင် က ပြောပါတယ်။ ပြီးခဲ့တဲ့မေ ၂၀ ရက်နေ့ကလည်း ရွှေဝါရောင်သံဃာတွေက အမျိုးသားရေး အစွန်းရောက်ဝါဒီတွေကို အရေးယူပေးဖို့ အထူးအစည်းအဝေးပွဲ ပြုလုပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ပါတယ်သေးတယ်။ ဓာတ်ပုံ - Ah Linkar Oo
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024