A d v e r t i s e m e n t With Us

ထိုင်းကမ်းခြေတွင် မီးရှူးမီးပန်းဖောက်ရာမှ ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်၊ ၂၃ ဦး ဒဏ်ရာရ (ရုပ်သံ)

ထိုင်းနိုင်ငံ ကရက်ဘီ အပန်းဖြေကမ်းခြေမှာ “ဆယ့်နှစ်ရာသီခွင်ဒဏ္ဍာရီပုံပြင်အကြောင်း” ပွဲပြသလို့ လူရာပေါင်းများစွာ ကြည့်နေချိန် မှားယွင်းမှုဖြစ်ခဲ့ပြီး အားပြင်းတဲ့ မီးရှူးမီးပန်း ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ကလေး ၄ ဦး အပါအဝင် လူပေါင်း ၂၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ပွဲပြသစဉ် မီးရှူးမီးပန်းတွေက လူအုပ်ကြီးဆီ ရောက်သွားပြီး ရပ်ကြည့်နေတဲ့ ပရိသတ်တွေလည်း အကာအကွယ်တွေရှိရာ ဝင်ပြေးရတဲ့ ထိတ်လန့်စရာမြင်ကွင်းကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ထိုင်း အမျိုးသမီးအကသမားတွေ သရုပ်ဖော်ပြသနေချိန်မှာ မီးရှူးမီးပန်းတွေ စတင်ပစ်လွှတ်ခဲ့တာပါ။ ဒါပေမယ့် မီးရှူးမီးပန်းစင်တခု တိုက်ချခံရပြီး မြေပြင်ပေါ်မှာ မီးပန်းတွေ ပေါက်ကွဲကာ အနီးအနားမှာ ကြည့်ရှုသူနဲ့ အကသမား စုစုပေါင်း ဒါဇင်နဲ့ချီပြီး မီးတောက်တွေ စွဲခံရ၊ မီးစတွေ စင်ခံခဲ့ရတာပါ။ ဒီပြပွဲကို ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ကွဲရှ မီးလောင်ဒဏ်ရာ ရသူ ၂၃ ဦးကို ကုသဖို့ ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ရောက်နေတဲ့ ပီတီဆက်အူဒွန်က “မီးရှူးမီးပန်းတွေနဲ့ အကသမားတွေက နီးတော့ အကသမား တော်တော်များများ ဒဏ်ရာတွေ ရတယ်” လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အထဲမှာ အဲဒီနေရာမှာ ရှိနေတဲ့ ကျောင်းသားတွေ၊ ကလေးတွေနဲ့ လူကြီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ မီးရှူးမီးပန်းကို ည ၉ နာရီ ဝန်းကျင်လောက်မှာ ဖောက်ခဲ့တာဖြစ်ပြီး ပြီးခါနီးမှာ ဒီလိုမှားယွင်းမှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းနေပြီလို့ ကရက်ဘီခရိုင်အုပ်ချုပ်ရေးရုံးက ပြောကြောင်း မေရာ မေလ ၂၀ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up