A d v e r t i s e m e n t With Us

ကင်ဂျုံအန်းနှင့် ပဲ့ထိန်းဒုံးကျည်တီထွင်သူများ ရိုက်ကူးထားသည့် ဓာတ်ပုံများ ပြသ

North Korean leader Kim Jong Un reacts with members of the Korean People's Army in this undated photo released by North Korea's Korean Central News Agency (KCNA) on May 15, 2017. KCNA via REUTERS REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT.
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ဟာ့ဆောင်ကို တီထွင် ထုတ်လုပ်သူတွေနဲ့အတူ မြို့တော် ပြုံယမ်းမှာ အုပ်စုလိုက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRT က စနေနေ့က ထုတ်လွှင့်ပြသ လိုက်ပါတယ်။ ကိုယ့်အားကိုယ်ကိုးနေတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းရဲ့ စွမ်းအားကို ပြသရာမှာ သိသိသာသာ ထည့်ဝင် လုပ်ကိုင်ခဲ့တဲ့ စစ်သားတွေကို ကင်မ်က ချီးကျူးဂုဏ်ပြုတယ်လို့ KRT က ပြောပါတယ်။ ဒုံးကျည် ထုတ်လုပ်သူတွေဟာ ပြုံယမ်းကို ကြာသပတေးနေ့က ရောက်လာပြီး ဂုဏ်ပြုတဲ့ ဒေသခံတွေကို နှုတ်ဆက်ခဲ့တယ်လို့လည်း KRTက ပြောပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်ကူးတဲ့ နေ့စွဲကိုတော့ မကြေညာပါဘူး။ မေလ ၁၄ ရက်နေ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို မထိခိုက်အောင်ရှောင်ဖို့ အမြင့်ဆုံးထောင့်ကနေ ပစ်လွှတ်ခဲ့တာ ဖြစ်တယ်။ အမြင့် ၁၃၁၂ မိုင် ထိ ရောက်ပြီး ၄၈၉ မိုင် ပျံသန်းခဲ့တယ်လို့ အစိုးရမီဒီယာက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ဆီ ရောက်အောင် ပစ်လွှတ်နိုင်စွမ်းရှိတဲ့ နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည် တီထွင်မှုကို လျှို့ဝှက် မထားခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ဒုံးကျည်အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုချက်တွေကိုလည်း လျစ်လျူရှုထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up