သူရဦးတင်ဦးအတွက် ဟိန္ဒူနှင့် သနန္တနဓမ္ပပါလက အဖွဲ့တို့ ဆုတောင်းပွဲ ပြုလုပ်
DVB
·
May 21, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးအတွက် ကျန်းမာရေး ပြန်ကောင်းလာစေဖို့ ဆုတောင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နဲ့ သနန္တနဓမ္ပပါလက အဖွဲ့တို့က ပူးပေါင်းပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီ သျှရီ စန္ဒီမယ်တော် ဘုရားကျောင်းမှာ မေ ၂၀ ရက်နေ့ နေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို လူအင်အား ၁၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး နာယကဦးတင်ဦး အမြန်ဆုံး ပြန်လည်ကျန်းမာဖို့ သတ်ဆိုင်ရာဘာသာဝင်တွေက ဆုတောင်းခဲ့ပါတယ်။
ဦးတင်ဦးဟာ ဘယ်ဘက်အခြမ်း လှုပ်နိုင်လာပြီဖြစ်ပေမယ့် စကားတော့ မပြောနိုင်သေးကြောင်း ဦးနှောက်နှင့်အာရုံကြော ဆေးကုဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ၀င်းမင်းသစ်က ပြောဆိုထားပါတယ်။
သူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာစေဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာ ဝန်ကြီးချုပ်တွေအပါအဝင် ပါတီဝင်တွေက ဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မေ ၁၇ ရက်ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိ သတိလစ်သွားခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံနေရတာ ဖြစ်ပါတယ်။