အမေရိကန်-ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်

461
နှစ်စဉ်ကျင်းပနေကျ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို မေ ၁၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ကျင်းပပါတယ်။
၂ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုဟာ လူသားချင်း စာနာမှုနဲ့ ကပ်ဘေး သက်သာရေး ရည်မှန်းချက်ကို ဦးတည်ထားပါတယ်။
အရင် စစ်ရေးလေ့ကျင့်မှုတွေက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး သင်တန်းဘက်ကို အာရုံစိုက်လေ့ရှိတာပါ။
အပြောင်းအလဲလုပ်ဖို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူဒါတေက ညွှန်ကြားခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ တရုတ်၊ ရုရှားတို့နဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု တိုးချဲ့နေလို့ အမေရိကန်ရဲ့ လုံခြုံရေး မူဝါဒအပေါ် ဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ နေနေပါတယ်။
တောင်တရုတ် ပင်လယ် အငြင်းပွားမှုမှာလည်း အရင် ဖိလစ်ပိုင်အစိုးရထက် ပိုပြီး ပျော့ပျောင်းတဲ့ ရပ်တည်ချက်နဲ့ တရုတ်ကို ဆက်ဆံနေပါတယ်။