A d v e r t i s e m e n t With Us

တောင်ကိုရီးယားနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် လုပ်ဆောင်သွားမည်ဟု တရုတ်ပြော

တရုတ်အစိုးရဟာ တောင်ကိုရီးယားနဲ့ အပြန်အလှန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တောင်ကိုရီးယား အထူးသံတမန် လီးဟေးချန်နဲ့ အစည်းအဝေးအတွင်း ခုလို မှတ်ချက်ပြု ပြောဆို လိုက်တာပါ။ နီးကပ်တဲ့ အိမ်နီးချင်းအနေနဲ့ ကျန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အပြန်အလှန် ဆက်ဆံရေး အကြီးအကျယ် တိုးတက်ခဲ့တယ်၊ ဒါကြောင့် ၂ နိုင်ငံ ပြည်သူတွေ အကြီးအကျယ် အကျိုးကျေးဇူး ရခဲ့တယ်၊ ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းမှုလည်း ရခဲ့တယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် အခြေအနေ ဖြေလျော့ရေးနဲ့ နျူကလီးယား ကင်းစင်ရေး၊ ညှိနှိုင်းပွဲတွေ စောနိုင်သမျှ မြန်မြန်ပြန်စရေးတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။ တောင်ကိုရီးယား သံတမန်ကလည်း တရုတ်ရဲ့ အဓိက စိုးရိမ်ချက်ကို အပြည့်အဝ နားလည်ကြောင်းနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆန္ဒရှိတယ်လို့ ပြန်ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနဲ့ အာရှ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေး သေချာစေဖို့ တောင်ကိုရီးယားဟာ တရုတ်နဲ့အတူ အားထုတ်ဖို့ ဆန္ဒရှိတယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up