Home
မြန်မာသတင်း
ဖြူးမြို့တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ
DVB
·
May 20, 2017
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ မေလ ၁၉ ရက်နေ့ ည ၁၂ နာရီလောက်က ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ တယ်လို့ ဖြူးမြို့မ ရဲတပ်ဖွဲစခန်းက ဆိုပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း ဖြူးမြို့ဘက်က ဇေယျဝတီမြို့ဘက်ကို ယာဉ်မောင်း အောင်လှိုင်မြင့် မောင်းနှင်လာတဲ့ ၂၂ ဘီးယာဉ်နဲ့ ဇေယျဝတီမြို့ဘက်က ယာဉ်မောင်း သန့်ဇင်ထူး မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၄၂/ ၂ နဲ့၁၄၂/၃ )အကြားမှာ မျက်နှာချင်းဆိုင်တိုက်မိခဲတာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ သန့်ဇင်ထူးဟာ အခင်ဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းက ၂၂ ဘီး ယာဉ်မောင်း အောင်လှိုင်မြင့်ကို ပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024