
Lead Story သတင်း နိုင်ငံတကာ ရုပ်သံ
တိုက်ခိုက်လာသူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲအရာရှိ ဗွီဒီယိုဖိုင် ထွက်ပေါ်
Email This Story :
အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်က ဒေါက်ဂလက်စ်မြို့နယ် (Douglas) မှာ မေလ ၁၂ ရက်နေ့က ရဲအရာရှိ ၁ ဦးဟာ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ လူ ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယို ထွက်ပေါ်လာပါတယ်။
အဲဒီ ဗွီဒီယိုဟာ ရဲအရာရှိရဲ့ ကိုယ်ပေါ်မှာ တပ်ထားတဲ့ ကင်မရာကနေ ရိုက်ထားတာ ဖြစ်ပါတယ်။
ဗွီဒီယိုမှာ ရဲအရာရှိဟာ တိုက်ခိုက်ခံရပြီး လဲကျသွားပြီးနောက် ထွက်ပြေးသွားတဲ့ တိုက်ခိုက်သူကို သေနတ်နဲ့ လှမ်းပစ်တာ တွေ့ရပါတယ်။
မေ ၁၇ ရက်နေ့က ဒေါက်ဂလပ်စ်မြို့နယ် ရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားတဲ့ အဲဒီဗွီဒီယိုမှာ ရဲအရာရှိက အဲဒီလူကို မလှုပ်ရှားဘဲ ရပ်နေဖို့ ပြောနေတဲ့အသံနဲ့ တခြားရဲအဖွဲ့ဝင်တွေကို လှမ်းခေါ်တာ ကြားရပါတယ်။
အဲဒီပစ်ခတ်မှုဟာ လစ်တယ်တန်မြို့ (Littleton)၊ ဒေါက်ဂလပ်စ်မြို့နယ်မှာ မေ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၆ နာရီ ၁၅ မိနစ်မှာ ဖြစ်ခဲ့တာပါ။
ပစ်ခတ်ခံရမှုကြောင့် ဆေးရုံမှာ ကုသခံခဲ့ပြီးနောက် တရားခံကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လစ်တယ်တန်ရဲဌာနက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။