ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 19, 2017
ရွှေဘို ပေါ်ဆန်မွှေးသစ်
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေးသစ်က ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၄သောင်း ၅ထောင် ပေါက်ဈေး ရှိနေပါတယ်။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၉သိန်း ၅သောင်း ၇ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၁သောင်းခွဲ ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ၆သိန်း ၆သောင်းကျပ် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၁သောင်း ၆ထောင်ဈေး ကျဆင်းသွားပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ၁ ပိဿာကို ၃၄၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁၇၄၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၆သောင်း ၂ထောင် ပေါက်ဈေး ရှိနေပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁၉၃၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
မြေပဲလုံးဆံဖြူ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂၅၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
စွန်တာ
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ စွန်တာပဲက ၁ တင်းကို ငွေကျပ် ၃၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တင်းကို ငွေကျပ် ၂သောင်း ပေါက်ဈေး ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
သတင်း - AMIA