Homeအာရှဒေသ
ဖူကူရှီးမား ဓာတ်ပေါင်းဖို အန္တရာယ်ကြောင့် ဂျပန်နိုင်ငံ နိုင်ငံခြားခရီးသွားလုပ်ငန်း ထိခိုက်
ဖူကူရှီးမား ဓာတ်ပေါင်းဖို အန္တရာယ်ကြောင့် ဂျပန်နိုင်ငံ နိုင်ငံခြားခရီးသွားလုပ်ငန်း ထိခိုက်
DVB
·
January 26, 2012
ဖူကူရှီးမား နျူကလီယားဓာတ်ပေါင်းဖို အန္တရာယ်ဆိုးကြီးကို ကြုံခဲ့ရပြီး ယခု ဆယ်လကျော် ကြာလာတဲ့အထိ ဂျပန်နိုင်ငံဟာ နျူကလီးယားပြဿနာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဂျပန်ရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းက လုံခြုံစိတ်ချရမှု ရှိတယ်ဆိုတာကို နိုင်ငံခြားသားတွေ ယုံကြည်အောင် ကြိုးစားလုပ်ဆောင်နေရတုန်းပါပဲ။ နှင်းလျှောစီးနေရာတွေက ဖူကူရှီးမား ဓာတ်ပေါင်းဖိုနဲ့ ၁၈၆ မိုင် လောက်ပဲ ဝေးတာမို့ အခု အဲဒီကို ဧည့်သည်တွေ မလာသလောက် ဖြစ်နေပါတယ်။ ဩစတြေးလျသတင်းဌာနမှ သတင်းထောက် ‘မခ် ဝီလာစီ’ (Mark Willacy) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။